Sunday, August 21, 2016

Bling (2016) မြန်မာစာတန်းထိုး


အချစ်ဆိုတာ အရာရာကိုပြောင်းလဲစေနိုင်တယ်တဲ့
ဟုတ်ပါ့မလား
ငယ်စဉ်ဘ၀ကတည်းက တိတ်တခိုးဆွဲလမ်းနေခဲ့ရသော ဆမ်
ကြီးလာတော့ မိမိချစ်သူ ဆူး ကို အကြိမ်ကြိမ်ဖွင့်ပြောဖို့ကြိုးစားခဲ့ပေမယ့်လည်း
အခွင့်မကြုံပဲ အရာရာ တလွဲတွေသာ လုပ်မိတဲ့အခါမှာတော့
ဘယ်လိုတွေကြုံတွေ့ရမလဲ
အချစ်ကြောင့် မိုက်ကန်းနေတဲ့ ချစ်လူမိုက်ကြီး
ဗစ်တာနဲ့ ကြုံတွေ့နေရတဲ့အခါမှာတော့ ဘယ်လိုတွေများ ရင်ဆိုင်ဖြေရှုင်းကြမလဲဆိုတာ
ဆက်လက် ကြည့်ရှူလိုက်ကြပါအုံးဗျာ



Ratchet & Clank (2016) မြန်မာစာတန်းထိုး

အာင်မြင်ခဲ့တဲ့ Ratchet & Clank video game ကိုအခြေပြုရိုက်ကူးထားတဲ့ ၂၀၁၆ ထုတ် ဒီ3D animation ကားသစ်လေးဟာ အာကာသထဲက မတူညီတဲ့ဂြိုဟ်တွေအချင်းချင်း တိုက်ခိုက်ကြတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားပါတယ်။ Solana Galaxy ထဲက  Tenemule ဂြိုဟ်က Drek ဟာ သူ့လူတွေနဲ့အတူ ဂြိုဟ်ဖျက်လက်နက်တစ်ခုကို ပိုင်ဆိုင်လာတဲ့အခါ galaxy ထဲက အခြားဂြိုဟ်တွေဟာလည်း အန္တရာယ်ကြုံလာရပါတော့တယ်။ Veldin ဂြိုဟ်က လူငယ်အာကာသယာဉ်အင်ဂျင်နီယာလေး Ratchet ဟာ ဂြိုဟ်တွေပျက်စီးပျောက်ဆုံးကုန်တာကို သတိထားမိလာတဲ့အခါ စကြ၀ဠာကြီးတစ်ခုလုံး အန္တရာယ်ကြုံလာနိုင်တာကိုတွေးမိလာပါတယ်။ သူအသစ်တွေ့ရှိလာတဲ့ စက်ရုပ် Clank နဲ့အတူ သူဟာ တပ်ဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီး စကြ၀ဠာကြီးကို ကယ်တင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Guardians of the galaxy လို ဇာတ်ကားမျိုးကို
ကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့မယ့်ရုပ်ရှင်ဖြစ်ပြီး IMDB 5.8 ရရှိထားတာမို့ အခုပဲခံစားကြည့်လိုက်ရအောင်ပါ။

Review by: Scarlet Phoenix
Encode by: Eric Min Khant

Credit:# Download From www.goldchannelmovies.com

Download Large File SIze 899.3MB

 Download Small File Size 549.9MB



Who Am I ? 1998 မြန်မာစာတန်းထိုး

ဂျက်ကီချန်းဇာတ်ကားတွေရဲ့ အနှစ်သာရကိုခံစားရမယ့်ဇာတ်ကားပါ။
ဒီဇာတ်ကားကို ငယ်ငယ်တုန်းက ကြည့်ခဲ့ရတာကို ပြန်သတိရမိပါတယ်။
အခုပြန်ကြည့်တော့လဲ ဆွဲဆောင်မှုရှိပြီး ရသစုံ ပေးစွမ်းနိုင်ပါသေးတယ်။
IMDb Rating(6.8/10) ထိရရှိထားလို့ ပြန်လည်ခံစားပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်။
မြန်မာစာတန်းထိုးကိုတော့ ကို Myo Min Aung မှကိုယ်တိုင်ဘာသာပြန်ထားတာဖြစ်ပါတယ်။
File size…(999MB)
Quality…HDTV-Rip 720p Format…mp4
Duration….02:56:01
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Credit:# Download From www.channelmyanmar.org

Download Large File Size 1013.5 MB

Download Small File Size 509.4 MB

The Legend of Tarzan 2016 မြန်မာစာတန်းထိုး

ကျွန်တော်တို့ရဲ့ ကလေးဘ၀ သူရဲကောင်းကြီး တာဇံ တကျော့ပြန်လာပါပြီ။ ဒီဇာတ်ကားမှာတော့ တာဇံ ဟာ ဂျိန်းနဲ့ လက်ထပ်ပြီး သူမိဘတွေ အမွေကို ဆက်ခံပြီး အင်္ဂလန်မှာ လူကြီးလူကောင်းတစ်ယောက်အဖြစ် နေထိုင်နေပါပြီ။ အဲဒီအချိန်မှာ ဘာလင်ကွန်ဖရင့်အပြီးမှာ ဘယ်ဂျီယံဘုရင် လီယိုပိုးဒ် ဟာ အာဖရိက
ကွန်ဂိုနယ်ကို သိမ်းထားတဲ့ အချိန်ဖြစ်ပါတယ်။ ဘုရင်လီယိုပိုးဒ်ဟာ သူ့ရဲ ဒေ၀ါလီခံရလုနီးနီးအခြေအနေကနေ ထွက်ပေါက်ရဖို့ နည်းမျိုးစုံရှာဖွေနေပါပြီ။
ဒီဇာတ်လမ်းမှာ တာဇံနဲ့ဂျိန်းတို့ သူတို့ကြီးပြင်းလာခဲ့တဲ့ အာဖရိက ဘွန်မာ ကို ပြန်လာချိန်မှာ ဘုရင့်လူယုံ ရွမ် ရဲ့ မဟာအကြံအစည်ကြီးထဲမှာကြားညှပ်ပြီး ဂျိန်းကို ဖမ်းဆီးခေါ်သွားခံလာရတဲ့အခါ….ဂျွန် ကလေတန် အဖြစ် ပြောင်းလဲနေထိုင်နေခဲ့တဲ့ တာဇံဟာ သူ့ရဲ့ မူလဗီဇနဲ့
စွမ်းအားတွေကို အကုန်အသုံးချပြီး ထောင်ချီတဲ့ စစ်တပ်ကို ပြန်လည်တိုက်ထုတ်ပြီး ဂျိန်း ကို ပြန်ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ အဲဒီအတွက် ရွန်ရဲ့ စစ်သားတွေ၊ ရန်သူတော်ဟောင်းကြီး မ်ဘွန်ဂါ အပြင် သူ့ကို စွန့်ခွာသူအဖြစ်သတ်မှတ်လိုက်တဲ့ လူဝံအုပ်စုတွေ ကြားထဲမှာ ရုန်းကန်ရင်း…….
ကျွန်တော့်အတွက်တော့ တာဇံရဲ့ စွန့်စားခန်းတွေနဲ့ တိရစ္ဆာန်တွေကို ငယ်ငယ်တုန်းကလိုပြန်ကြည့်ရတဲ့ အရသာကတော့ တကယ်ကို ပြည့်စုံတယ် ပြောရမှာပါပဲ။ မိတ်ဆွေတို့လဲ ခံစားနိုင်အောင် အကြည်ထွက်ထွက်ချင်း ဘာသာပြန်ပေးလိုက်ပါတယ်။

Credit:# Download From www.channelmyanmar.org

Download Large File Size 881.2 MB

Download Small File Size 402.7 MB


Central Intelligence 2016 မြန်မာစာတန်းထိုး


Bob Stone (Dwyane Johnson) ဟာ ငယ်ငယ်တုန်းက အရမ်းဝလို့ အနိုင်ကျင့်ခံခဲ့ရတဲ့သူဖြစ်ပေမဲ့ အထက်တန်းကျောင်းသား ပြန်လည်တော့ ဗလတောင့်တောင့် ကြမ်းကြမ်းတမ်းတမ်းဖြစ်နေပါတယ်။ အဲမှာသူတွေ့ဆုံခဲ့တာကတော့  Calvin Joyner (Kevin Hart) ဆိုတဲ့ သူပါ။ Calvin ဟာ ငယ်ငယ်တုန်းက အရမ်းတော်ခဲ့တဲ့ အားကစားသမားတစ်ယောက်ဖြစ်ပေမဲ့ ခုတော့ စကားပြောအရမ်းမြန်လှတဲ့ စာရင်းကိုင်တစ်ယောက်ဖြစ်နေပြီး သူ့ငယ်ဘဝကို ပြန်လိုချင်နေတဲ့သူ။
Stone ဟာ ခုတော့ CIA Agent တစ်ယောက်ဖြစ်ပြီး Calvin ရဲ့ အတွက်အချက် စွမ်းရည်တွေရဲ့အကူအညီနဲ့ US Satellite တစ်ခုကို ပြန်လည်ကယ်တင်ရမှာဖြစ်လို့ အတန်းဖော်နှစ်ယောက်တွဲပြီး နှစ်ဖက်ချွန်လုပ်တာ၊ ပစ်တာခတ်တာတွေကြား ကမ္ဘာကြီးကို ကယ်တင်ဖို့လုပ်ရပါတော့တယ်။
မင်းသားကြီး Dwayne Johnson နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး Rawson Marshall Thurber က ရိုက်ကူးထဲ့ Crime/Action ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ Warner Bros. က ဖြန့်ချိတာဖြစ်ပြီး အခုလက်ရှိ IMDB 8/10 ရထားပါတယ်။ US မှာ June 17 ရက် ရုံတင်မှာဖြစ်ပါတယ်။

File Size : 800 MB
Quality : HD 720P
Running Time : 1hr 47 minute
Format : Mp4
Genre : Action, Comedy,Crime
Encoder : Joker.phs

Credit:# Download From www.channelmyanmar.org 

Download Large File Size 799.5 MB 

Download Small File Size 400 MB 




Jungle Book 2016

Jungle Book ဟာ Rudyard Kipling ရဲ့ နာမည်ကျော်စာအုပ်နဲ့ 1967 ကထွက်ခဲ့တဲ့ နာမည်ကျော် Jungle Book ကာတွန်းကားတို့ကို လူနဲ့ Visual effect တွေသုံးပြီး အသက်ပြန်သွင်းထားတာဖြစ်ပါတယ်။ Jungle Book ရဲ့ ဇာတ်လမ်းကိုတော့ ပိတ်သတ်ကြီးက သိပြီးသားမို့လို့ အထွေအထူးတော့ ပြောပြစရာမရှိပါဘူး။ ဆိုတော့ ရိုက်ထားတဲ့အကြောင်း အရင်ပြောပါ့မယ်။
Iron Man ဒါရိုက်တာ Jon Favreau ရဲ့လက်ရာဖြစ်တဲ့ Jungle Book ဟာ ဒီနှစ်ရဲ့ အကောင်းဆုံးကားတွေထဲမှာပါပါတယ်။ တော်တော်များများအတွက်လည်း အကောင်းဆုံးဆိုတဲ့ကားဖြစ်နေမယ်ထင်ပါတယ်။ ဇာတ်လမ်းစစချင်း Jungle Book ဆိုတဲ့စာတန်းထိုးကတည်းက ဇာတ်လမ်းဆုံးတဲ့အထိ ကြည့်နေသူကို တောကြီးမျက်မည်းထဲရောက်သွားသလိုဖြစ်အောင် လုပ်ထားနိုင်ပါတယ်။ Cinematography ကိုလည်း အရမ်းသဘောကျပါတယ်။ Mowgli နဲ့ eye-level လောက်မှာပဲ အများဆုံးရှိပြီး ရိုက်ထားတဲ့အတွက် ကိုယ်ဟာ သူ့နေရာမရောက်ရင်တောင် သူဘယ်လိုမြင်နေခံစားနေရသလဲဆိုတာ ခံစားရတယ်။ Overhead shot တွေဆို မပါသလောက်ပါပဲ။ နောက် အခန်းတစ်ခန်းမှာဆို တော်ရုံလူ ငိုချင်စိတ်ပေါက်အောင် feel တွေပေးပါသေးတယ်။
ကလေးကလွဲလို့ အားလုံးနီးပါး CGI တွေချည်းဆိုပေမဲ့ ဘယ်ဟာအတုမှန်း ခွဲမရလောက်အောင် CGI နဲ့ Animation တွေက ကောင်းလွန်းအားကြီးပါတယ်။ Animation မှာတော့ Disney ကို လုံးဝလက်လန်တယ်လို့ ပြောချင်ပါတယ်။ တိရိစ္ဆာန်တွေကို animation တွေသုံးပြီးဆွဲ၊ စကားပြောခိုင်း သရုပ်ဆောင်ခိုင်းတာ တော်ရုံလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သူတို့ရဲ့ လှုပ်ပုံရှားပုံတွေ ဟန်ပန်အမူအရာတွေ အကုန်လုံးတူအောင် လိုက်လုပ်ဖို့ဆိုပိုဆိုး။ JB မှာတော့ အားလုံးက perfect လို့ပြောလို့ရအောင် အသက်ဝင်လွန်းပါတယ်။ နောက် သူတို့ပြချင်တဲ့ အကြောင်းကို သေချာပြနိုင်တာ သဘောကျတယ်။ ဥပမာ ကြီးကျယ်မြင့်မြတ်လှတဲ့ ဆင်တွေဆိုရင် မြင်ကတည်းက အဲလိုပုံစံကို မပြောဘဲလဲ ခံစားရတယ်။ အသံနဲ့သရုပ်ဆောင်ထားတဲ့ Bill Murray, Ben Kingsley, Idris Elba တို့ကလည်း အသံနဲ့ ဇာတ်ကောင်၊ စကားပြောတာ လိုက်လွန်းအားကြီးတယ်။ Cast အရွေးတော်တယ်။ Mowgli လုပ်တဲ့ Neel Sethi လည်း တော်တော်လေး အပင်ပမ်းခံထားပါတယ်။ တစ်ချက်တစ်ချက် စကားပြောတာနည်းနည်း ဟာနေတာလေးရှိတာကလွဲလို့ တော်တော်လေး သရုပ်ဆောင်ကောင်းတယ်ဗျ။
Jungle Book ဟာ အဘက်ဘက်က ပြည့်စုံနေတဲ့ကားတစ်ကားပါ။ သို့ပေမဲ့ တစ်ခုရှိတာက သူ့ဇာတ်လမ်းကို နဂိုတည်းက သိပြီးမို့လို့ တချို့အတွက်တော့ ဇာတ်လမ်းပိုင်း နည်းနည်းအားမရတာတွေဖြစ်နိုင်ပါတယ်။ မှန်းလို့ရတာတွေလည်း ပါတာကိုး။ သို့ပေမဲ့ Baloo ဇာတ်ကောင်ကြောင့် ပိတ်သတ်ကြီးက တစ်ကားလုံးပျင်းရမှာမဟုတ်ပါဘူး။ သူက ပွဲဆူအောင် လုပ်နေတာကိုး။ ထားပါတော့။ Jungle Book ဟာ ကလေးရော လူကြီးရော ကြိုက်ကြမဲ့ကားပါ။ သို့ပေမဲ့ နည်းနည်း ကြမ်းတဲ့ ကလေးငယ်တွေအတွက် မသင့်တော်လောက်တဲ့ ကြောက်စရာ စိတ်လှုပ်ရှားစရာအခန်းတွေပါလို့ Age Rating က PG ပါ။ G မဟုတ်ပါဘူး။ အဲဒီလို ကလေးလိုမျိုးမဟုတ်ဘဲ လူကြီးလည်းကြည့်လို့ရအောင် အရမ်း ပုံပြင်မဆန်အောင်ပီပီပြင်ပြင်ရိုက်ထားတာကို အဓိကသဘောကျမိပါတယ်။ အခုဆို တော်တော်များများကြည့်ပြီးကြပြီထင်ပါတယ်။ မကြည့်ရသေးရင်လည်း သွားကြည့်ကြပါ။ ကျော်ကတော့ ကိစ္စရှိလို့ ကြည့်တာ နှစ်ခေါက်ရှိပီ 😀 (သို့ပေမဲ့ ဒုတိယတစ်ခေါက်ကျတော့ နည်းနည်းပျင်းဖို့ကောင်းသွားတယ်ဗျ)
ကဲ ကြည့်ပြီးတဲ့ ပိတ်သတ်ကြီးလည်း Jungle Book ကိုဘယ်လိုမြင်ပါသလဲ။ ဘယ်အခန်း (သို့မဟုတ်) ဇာတ်ကောင်ကို အကြိုက်ဆုံးပါလဲ။ မန့်သွားကြပါဦးလို့။
ဘာသာပြန်သူကတော့ ကိုMyatMinSoe ဖြစ်ပါတယ်ဗျ။
ရုပ်ရှင်အညွှန်းကိုတော့ www.datshin.com မှ ကူးယူဖော်ပြပါတယ်။

Credit:#Download From www.channelmyanmar.org

Download Large File Size 872.4 MB

Download Small File Size 308.2MB

Allegiant 2016

စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။
ဇာတ်လမ်းရဲ့ကြောရိုး….
အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဥာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး…သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ရဲ့လွှမ်းမိုးမှုကို လက်မခံဘဲ လူသားဆန်လွန်းမှန်းသိထားကြလို့ပါ။ဒီလိုအချိန်မှာ မင်းသမီးနဲ့ မင်းသားတို့အဖွဲ့ The System ကနေဖောက်ထွက်ရုန်းကန်ဖို့ကြိုးစားကြပုံတွေကို တင်ဆက်ထားတာပါ။
အခု Allegiant ဇာတ်ကားမှာလဲ ထို့အတူပါပဲ။ Insurgent ဇာတ်ကားရဲ့အဆုံးကနေပြန်ဆက်ထားပါတယ်။Science Fiction ဇာတ်ကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မှာဖြစ်သလို ဝတ္ထုရဲ့ ဆိုလိုရင်းဖြစ်တဲ့ လူငယ်လူရွယ်တွေရဲ့ အတွေးအခေါ်တွေ လွတ်လပ်မှုတွေကို ခံစားရမှာပါ။


စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။
ဇာတ်လမ်းရဲ့ကြောရိုး….
အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဥာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး…သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ရဲ့လွှမ်းမိုးမှုကို လက်မခံဘဲ လူသားဆန်လွန်းမှန်းသိထားကြလို့ပါ။ဒီလိုအချိန်မှာ မင်းသမီးနဲ့ မင်းသားတို့အဖွဲ့ The System ကနေဖောက်ထွက်ရုန်းကန်ဖို့ကြိုးစားကြပုံတွေကို တင်ဆက်ထားတာပါ။
အခု Allegiant ဇာတ်ကားမှာလဲ ထို့အတူပါပဲ။ Insurgent ဇာတ်ကားရဲ့အဆုံးကနေပြန်ဆက်ထားပါတယ်။Science Fiction ဇာတ်ကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မှာဖြစ်သလို ဝတ္ထုရဲ့ ဆိုလိုရင်းဖြစ်တဲ့ လူငယ်လူရွယ်တွေရဲ့ အတွေးအခေါ်တွေ လွတ်လပ်မှုတွေကို ခံစားရမှာပါ။

File size…(999MB) 
Quality…BR-Rip 720p
Format…mp4
Duration….02:00:33
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung 

Credit:# Download From www.channelmyanmar.org

Download Large File Size 1GB 

Download Small File Size 406.8MB



Independence Day Resurgence 2016


ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ကထွက်ခဲ့တဲ့ Independence Day (1996) ရဲ့ နှစ် ၂၀ မြောက်အမှတ်တရကားဖြစ်သလို . . . အဲ့ဒီကားရဲ့အဆက်လည်းဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။
လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလို မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဥာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် . ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့် သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက် သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။
အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၄င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည် ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။
ဒီဇာတ်ကားဟာ IMDb rating 5.5/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။ နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။
(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Carey Nyein ပဲဖြစ်ပါတယ်။)
1996 movie link ကိုလည်းအောက်မှာပေးထားပါတယ်။
@San Win Maung

Credit:#Download From www.channelmyanmar.org

Download Large File 1.1GB

Download Small File 499.3MB



Now You See Me 2

အားလုံးစောင့်မျှော်နေတဲ့ ၂၀၁၆ ရဲ့ နာမည်ကြီး ဇာတ်ကား တစ်ကားဖြစ်တဲ့
Now You See Me 2 ဆိုတဲ့ စိတ်ဝင်စားစရာ ပဉ္စလက်ပညာရှင်လေးဦး ရဲ့ မျက်လှည့် ပြကွက်တွေကို တင်ဆက်ထားတဲ့ ရုပ်ရှင်ကားကို အခုလေးပဲ ဘာသာပြန်ဆိုမှု ပြီးသွားတဲ့အတွက် CM ချစ်သူတွေကြည့်လို့ရပါပြီ ရှင်
ဒီကားရဲ့ ပထမဆုံးကား Now You See Me မှာ တုန်းက အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ မြင်းစီးသမားလေးယောက်တို့ ရဲ့ မျက်လှည့်ပြကွက်တွေနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့ပြီးတော့ အခု ဒုတိယမြောက်ကားမှာလဲ မြင်းစီသမား လေးယောက်လုံးပြန်လည် သရုပ်ဆောင်ထားပါတယ်
ပထမကားမှာတုန်းက မိန်းကလေးမျက်လှည့် ဆရာအနေနဲ့ ဟန်လေပါဝင်ခဲ့ ပေမဲ့ အခုတော့ ဟန်လေ အစား ငပြောင်မလေး လူလာက ပါဝင်ထားပါတယ်..
မြင်းစီးသမားတွေနဲ့ အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန်တို့ ဆော့ဖ်ဝဲ ကုမ္ဗဏီ အော့တ်တာ ရဲ့ စီအီးအို အိုဝင်အကြောင်းကို ဖော်ထုတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ ပွဲမှာ မမျှော်လင့်ဘဲ မြင်းစီးသမားတွေအားလုံးရဲ့ ကိုယ်ရေးအချက်အလက်တွေ အားလုံး ဖော်ထုတ်ခံလိုက်ရပါတယ်
ပထမကားမှာ သေသွားတဲ့ ဂျက် ၀ိုင်းလ်ဒါ တစ်ယောက်က တကယ်မသေသေးတဲ့ အကြောင်း.. အက်ဖ်ဘီအိုင် အေးဂျင့် ဒိုင်လန် ရုဒ်စ် ဟာ မြင်းစီးသမားအဖွဲ့ ၀င် တစ်ဦး ဖြစ်ကြောင်း ဖော်ထုတ်ခံရပြီးနောက် သူတို့တွေ ၀ရုန်းသုန်းကားနဲ့ ပြေးကြရရင်း လူဆိုးတွေ ဆင်ထားတဲ့ ထောင်ချောက်ထဲ တည့်တည့် တိုးဝင်မိရင်း မကာအိုကို ရောက်သွားပါတော့တယ်
မကာအိုမှာ သူတို့ ဘယ်သူနဲ့ တွေ့ ပြီး ဘယ်လို အစီအစဉ် ဘယ်လို လှည့်ကွက်တွေနဲ့ လူဆိုးတွေကို အနိုင်ပိုင်းမလဲ ဆိုတာရယ်…
ဒိုင်လန်နဲ့ မြင်းစီးသမား အဖွဲ့ သားတွေ ရဲ့ စိတ်ဝင်စားစရာ ဟာမိုနီကျကျ အကွက်ကျကျနဲ့ နောက်ဆုံးမျက်လှည့် အကွက်အတွက် ဘယ်လိုတွေ ခေါ်ဆောင်သွားမယ်ဆိုတာကိုတော့…..
Now You See Me 2 ဇာတ်ကားမှာ ဆက်လက် ကြည့်ရှု ပေးကြပါလို့…
ဘာသာပြန်ဖို့ အတွက် ပါဝင်ကူညီပေးတဲ့ ကျော်ကျော်ဇင်ဖြိုး (Little Neo) နဲ့ ကောင်းမြတ်သူ(seniorkaung)ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်
(ဒီဇာတ်ကားကို Khin Cherry Hnin မှ ဘာသာပြန်တင်ဆက်ပေးပြီး ဇာတ်လမ်းအညွှန်းကိုပါ ရေးသားပေးထားပါတယ်)

 Credit: Download From www.channelmyanmar.org

Download Large File 953.5MB

Download Small File 556.3MB