Sunday, August 21, 2016

Independence Day Resurgence 2016


ဒီဇာတ်ကားလေးဟာ ၁၉၉၆ ခုနှစ်ကထွက်ခဲ့တဲ့ Independence Day (1996) ရဲ့ နှစ် ၂၀ မြောက်အမှတ်တရကားဖြစ်သလို . . . အဲ့ဒီကားရဲ့အဆက်လည်းဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာ ကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။
လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလို မစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဥာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် . ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့် သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက် သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။
အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၄င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည် ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။
ဒီဇာတ်ကားဟာ IMDb rating 5.5/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။ နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။
(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး Carey Nyein ပဲဖြစ်ပါတယ်။)
1996 movie link ကိုလည်းအောက်မှာပေးထားပါတယ်။
@San Win Maung

Credit:#Download From www.channelmyanmar.org

Download Large File 1.1GB

Download Small File 499.3MB



No comments:

Post a Comment